Thrash metal

Thrash metal သည် heavy metal ၏ပြင်းထန်သောမျိုးခွဲတစ်မျိုးဖြစ်ပြီး မြန်ဆန်သောအရှိန်နှုန်းနှင့် ကြမ်းတမ်းသောပုံစံများနှင့် ဖွဲ့စည်းထားသည်။ သီချင်းများသည် မြန်ဆန်သော percussive တီးလုံးများနှင့် နိမ့်သော ဂီတာ riff များ၊ ထပ်ဆင့်ထားသော shredding ပုံစံများနှင့် ဖွဲ့စည်းထားသည်။ စာသားများသည် မကြာခဏလူမူရေးပြဿနာများနှင့် အဖွဲ့အစည်းများသို့ အပြစ်ရှာခြင်းများဖြင့် ရောစပ် ထားပြီး ၎င်းသည် hardcore အမျိုးအစားဖြင့် ရောနှောထားသည်။ ၁၉၈၀အစောပိုင်းတွင် hardcore punk ဒရမ်တီးလုံးများနှင့် New Wave of British Heavy Metal ၏ဂီတာပုံစံများဖြင့် တိုးတက်လာသော အမျိုးအစားတစ်ရပ်ဖြစ်သည်။ thrash metal သည် သမားရိုးကျနှင့် ကျယ်ပြန့်၍ နှစ်လို့ဖွယ်ကောင်းသော glam metal ၏ တုံပြန်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။ thrash metal သည် နောက်ပိုင်းပြင်းထန်သော အမျိုးအစားများဖြစ်သော death metal နှင့် black metal များအတွက် စိတ်ကူးညဏ်ကွန့်မြူးခြင်းဖြစ်သည်။ အမေရိကန်တီးဝိုင်းများဖြစ်သော Anthrax, Megadeth, Metallica နှင့် Slayer တီးဝိုင်းများ သည် thrash အမျိုးအစားကို တီထွင်ခြင်းနှင့်အတူ မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၀-၁၉၉၁ ခုနှစ် Clash of the titan tour တွင် thrash metal ကို အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ နောက်ပိုင်းဆယ်စုနှစ်တွင် တောက်လျှောက်တွင် လူကြိုက်များမှု ကျဆင်းလာခဲ့သည်။ thrash metal သည် မူလတီးဝိုင်း ဟောင်းများနှင့်အတူ မကြာသေးခင်ပြန်လည်၍ နိုးထလာခဲ့သည်။ thrash metal မျိုးဆက်သစ်တီးဝိုင်းများ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် ပေါ်ထွက်လာခဲ့သည်။


© MMXXIII Rich X Search. We shall prevail. All rights reserved. Rich X Search