Bro-country

Bro-country သည် mainstream ဂီတ၏မျိုးခွဲတစ်မျိုးဖြစ်ပြီး ၂၁ရာစု၏ ဒုတိယဆယ်စုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့သည်။ ၂၁ရာစုတွင် country ဂီတအပေါ်လွှမ်းမိုးခဲ့သော hip hop၊ hard rock နှင့် electronic ဂီတ၏ပုံစံများမှ တစ်ခုဖြစ်သည်။ bro-country သီချင်းအများစုသည် ငယ်ရွယ်သော အမျိုးသမီး၊ အရက်သုံးစွဲခြင်းနှင့် ပါတီပွဲများနှင့် ကုန်တင်ယာဉ် ကျင်းပခြင်းများအကြောင်းကို ရေးဖွဲ့ထားသည်။

ဤဝေါဟာရကို New York မဂ္ဂဇင်းမှ Jody Rosen က ၂၀၁၃ ဩဂုတ်လ ၁၁ရက်နေ့တွင် ဆောင်းပါးရေးရာ၌ ပထမဆုံးအသုံးပြုခဲ့သည်။ သူသည် Florida Georgia line ၏သီချင်းများကို ဖော်ပြရန်အသုံးပြုခဲ့သည်။ သူသည် အမျိုးအစား၏အမှတ်ရစရာ Luke Bryan, Jason Aldean နှင့် Jake Owen တို့အကြောင်းကို ရေးဖွဲ့ရာ၌လည်း အသုံးပြုခဲ့သည်။ Entertainment Weekly က Boys’ Round Here (Blake Shelton)၊ Ready Set Roll (Chase Rice) နှင့် Redneck Crazy (Tyler Farr) တို့ကို ကိုးကားရာ၌လည်း bro-country ဟူသော ဝေါဟာရကို အသုံးပြုခဲ့သည်။ အမျိုးအစား Ray Price, Dale Watson, Jean Shepard, Willie Nelson, Alam Jackson, Gary Allan, Brad Paisely, Keeny Chesney, Travis Tritt, Kaccy Musgraves နှင့် Zac Brown တို့ကို ဝေဖန်ရာ၌ အသုံးပြုခဲ့သည်။


© MMXXIII Rich X Search. We shall prevail. All rights reserved. Rich X Search